Skip to content
PREMIUM ELECTRONICS
EST. 2006 · MANDALAY

မြန်မာ့လူနေမှု အဆင့်အတန်းမြင့်မားစေဖို့81 ELECTRONIC သုံးကြဆို့။

၂၀၀၆ ခုနှစ်က စတင်ခဲ့တဲ့ မိသားစုပိုင် လုပ်ငန်းလေးပါ။ ယုံကြည်စိတ်ချရတဲ့ စက်ရုံပေါင်း ၇၀ ကျော်ကနေ ပစ္စည်းပေါင်း ၄၀၀၀ ကျော်အထိ ထုတ်လုပ်ခဲ့ပြီး၊ ယုံကြည်ရ partner ၄၀၀၀ ကျော်၊ လက်ကား ဆိုင်ပေါင်း ၄၉၀၀ ကျော်နဲ့ ဝန်ထမ်း ၅၂၅ ယောက်တို့နဲ့အတူ ၂၀ နှစ်ကျော် ရပ်တည်ခဲ့ပြီးပါပြီ။

0+ YRနှစ်
0ဝန်ထမ်း
ဆင်းကြည့်ပါ ↓
525 PEOPLE · ONE TEAM
02 / WHAT WE SELL

အိမ်တစ်အိမ်အတွက် လိုအပ်မယ့် လျှပ်စစ်ပစ္စည်း အစုံအလင်။

မီးဖိုချောင်သုံး ထမင်းပေါင်းအိုးကနေ ဧည့်ခန်းက တီဗီအထိ၊ အဝတ်လျှော်စက်ကနေ မီးအားထိန်းစက်အထိ — အိမ်တစ်အိမ်လုံးအတွက် လိုအပ်မယ့် အီလက်ထရောနစ်ပစ္စည်း အမျိုးအစား ၆ မျိုးထဲက ထုတ်ကုန် ၄၀ ကျော်ကို တစ်နေရာတည်းမှာ အကုန်ရနိုင်ပါတယ်။

  • /01

    မီးဖိုချောင်သုံး

    ရေခဲသေတ္တာ · ရေခဲစက် · ထမင်းပေါင်းအိုး · မိုက်ခရိုဝေ့ဖ် · Induction မီးဖို · သစ်သီးဖျော်စက် · လျှပ်စစ်အိုး · ပေါင်မုန့်ကင်စက် · ကော်ဖီဖျော်စက်

  • /02

    အပူအအေး ထိန်းညှိစနစ်

    လေအေးပေးစက် · ပန်ကာ · မျက်နှာကြက်ပန်ကာ · လေထုသန့်စင်စက် · ရေပူစက် · အခန်းတွင်းအပူပေးစက်

  • /03

    ဧည့်ခန်းသုံး

    တီဗီ · စပီကာ · DVD စက် · Soundbar · ကာရာအိုကေစနစ် · ပရိုဂျက်တာ · Set-top Box

  • /04

    အဝတ်လျှော်/မီးပူ

    အဝတ်လျှော်စက် · အဝတ်ခြောက်ခံစက် · မီးပူ · ရေနွေးငွေ့မီးပူ

  • /05

    လျှပ်စစ်နှင့် ရေရရှိရေး

    ဘက်ထရီ · မီးအားထိန်းစက် · အင်ဗာတာ · မီးစက် · ရေစုပ်စက် · UPS

  • /06

    မီးလင်းပစ္စည်းများ

    LED မီးသီး · LED Panel · Spotlight · ဥယျာဉ်မီး · အရေးပေါ်မီး

မြန်မာ့အိမ် တစ်အိမ်အတွက် လိုအပ်မယ့် လျှပ်စစ်ပစ္စည်း မှန်သမျှ ကျွန်တော်တို့ဆီမှာ ဝယ်ယူရရှိနိုင်ပါတယ်။

03 / THE PROMISE

ကျွန်ုပ်တို့၏ ဖောက်သည်တစ်ဦးတစ်ယောက်ချင်းကို ၂၀ နှစ်ကျော် ကာလပတ်လုံး ခိုင်မာသော ယုံကြည်မှုများတည်ဆောက်ထားနိုင်ဆဲဖြစ်ပါသည်။

SERVICE · COMMUNITY
  • 01

    ထုတ်ကုန်တိုင်းအတွက် အပြည့်အဝ အာမခံပေးပါသည်။ လျှို့ဝှက်စည်းကမ်းချက်များ၊ ပုံမှန်အသုံးပြုမှုအပေါ် ချွင်းချက်ထားခြင်းများ လုံးဝမရှိပါ။

  • 02

    ကျွန်တော်တို့ဆီက ဝယ်ယူတဲ့ ပစ္စည်းတိုင်းကို ၁ နှစ်တိတိ စိတ်ချလက်ချ သုံးနိုင်သလို ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ကွန်ပရက်ဆာနဲ့ မော်တာတွေအတွက်ပါ ၇ နှစ်ကနေ ၁၂ နှစ်အထိ အာမခံပေးထားပါတယ်။

  • 03

    ကုမ္ပဏီဝန်ထမ်း ၅၂၅ ဦးဖြင့် ဝန်ဆောင်မှုပေးနေပါသည်။ ပြင်ပသို့ အပ်နှံခြင်း လုံးဝ မပြုလုပ်ပါ။

  • 04

    ကျွန်ုပ်တို့ ရောင်းချခဲ့သော ထုတ်ကုန်တိုင်းအတွက် တာဝန်ယူ ပြင်ဆင်ပေးပါသည်။ အကယ်၍ ပြင်ဆင်၍မရနိုင်သော အခြေအနေဖြစ်ခဲ့လျှင် ငွေအပြည့်အဝ ပြန်အမ်းပေးခြင်း သို့မဟုတ် ပစ္စည်းအသစ်ဖြင့် အစားထိုး လဲလှယ်ပေးခြင်းတို့ကို မပျက်မကွက် တာဝန်ယူ ဖြေရှင်းပေးပါမည်။

04 / COMMUNITY

ရောင်းဝယ်ခြင်းထက် ပိုပါတယ်။ ကျွန်တော်တို့ ပြောင်းလဲမှုတွေ လုပ်ဆောင်နေပါတယ်။

ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေက မြန်မာနိုင်ငံက အိမ်တွေ၊ ပွဲလမ်းသဘင်တွေနဲ့ လျှပ်စစ်မီး မရသေးတဲ့ ကျေးရွာတွေဆီအထိ ရောက်ရှိခဲ့ပါတယ်။ စီးပွားရေးသက်သက် မဟုတ်ဘဲ ၂၀ နှစ်ကျော် လူ့အဖွဲ့အစည်းနဲ့ လက်တွဲပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

RURAL IMPACT
/01

ကျေးလက်က ပြောင်းလဲမှု။

ကျွန်တော်တို့ရဲ့ သယ်ဆောင်ရလွယ်တဲ့ Portable DVD/TV တွေက လျှပ်စစ်မီး မရသေးတဲ့ ကျေးရွာတွေဆီ ရောက်ခဲ့ပါတယ်။ တချို့အတွက်ဆို ဘဝမှာ ပထမဆုံး မြင်တွေ့ရတဲ့ ဖန်သားပြင်တွေပါ။

MEDICAL MISSION
/02

ကျန်းမာရေး စောင့်ရှောက်မှု။

အထက်မြန်မာပြည် တစ်ဝှမ်းက ဆေးကုသရေးစခန်းတွေကို ထောက်ပံ့ပေးနေပါတယ်။ အခမဲ့ ကျန်းမာရေးစစ်ဆေးမှု၊ အခမဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးပြီး ကျွန်တော်တို့ ဝန်ထမ်းတွေက ကူညီလုပ်အားပေးကြပါတယ်။

STAFF GROWTH
/03

ဝန်ထမ်း ဖွံ့ဖြိုးတိုးတက်မှု။

ဝန်ထမ်းတွေအတွက် အစဉ်တစိုက် တိုးတက်မှုတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ သင်တန်းတွေ၊ ရာထူးတိုးတက်ဖို့ အခွင့်အလမ်းတွေနဲ့ ကုမ္ပဏီထဲမှာ ဘဝတစ်ခုလုံး တည်ဆောက်ဖို့ နေရာပေးခဲ့ပါတယ်။

RELIGIOUS OFFERING
/04

ဘာသာရေး အလှူပွဲများ။

နှစ်စဉ် ဝန်ထမ်းတွေနဲ့ သံဃာတော်တွေအတွက် ဂိုဒေါင်ကို ဖွင့်လှစ်ပြီး အလှူပွဲတွေ ကျင်းပပြုလုပ်ပါတယ်။

20TH ANNIVERSARY
/05

၂၀ နှစ်ကျော်။

နှစ်ပတ်လည် ပွဲတော်တွေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက ဝန်ထမ်းတွေက မိမိတို့ရဲ့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး စုစည်းဆင်နွှဲကြပါတယ်။

04 / THE FACTORY

ဝန်ထမ်းပေါင်း ၅၀၀ ကျော်နဲ့ ယနေ့တိုင်ထိ
မြန်မာ့ လူနေမှုအဆင့်အတန်းမြင့်မားဖို့ ရပ်တည်နေဆဲပါ။

ALL STAFF · ANNIVERSARY
WOMEN'S TEAM · DUSK AT THE LAKE
ဝန်ထမ်း ၅၂၅ ဦး
ကုန်ကား ၄၀ စီး · မြန်မာပြည် တစ်ဝန်း
ဝန်ထမ်းအရေအတွက်
0
ကိုယ်ပိုင်ထုတ်
0%
အလုပ်ထွက်နှုန်း
0
လုပ်သက်
0+ yr
81 Electronic founders at 20th anniversary, Mandalay
၀၆ / တည်ထောင်သူ

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ဖယောင်းတိုင်လုပ်ငန်းလေးကနေ —
အခု မြန်မာတိုင်းပြည်လုံးကို လင်းလက်စေခဲ့ပြီ။

81 Electronic — မြန်မာ့လူနေမှု အဆင့်အတန်းမြင့်မားစေဖို့